Dtac အကြောင်းတစ်စေ့တစ်စောင်း ထိုင်းနိုင်ငံအတွင်း (သို့) ထိုင်းနယ်စပ်တွင် လူများအသုံးပြုနိုင်ရန်အတွက် ဖုန်းနံပါတ်ကဒ် ( Sim Card ) များကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချပေးနေသော Sim Card ကုမ္မဏီင်္ကြီး သုံးခုရှိသည်။ ၄င်းတို့မှာ Dtac , One 2 Call နှင့် Orange(Truemove) တို့ဖြစ်ပါသည်။ ၄င်း Sim Card များကို ထိုင်းနိုင်ငံရဲ့ နယ်စပ်များထဲမှ ထိုင်းနယ်စပ် မြန်မာတွင် တာချီလိတ်မြို့၊ မြ၀တီ နှင့် ထိုင်းနိုင်ငံနှင့်နီးသောနယ်စပ်မြို့များတွင်လည်းအသုံးပြုလို့ရပေသည်။ ၄င်း Sim Card တွေ၏တန်ဖိုးမှာ မြန်မာနိုင်ငံကလို ကျပ် သိန်း ၂၀ ကျော်လောက်တော့ မပေးရပါ။ ထိုင်း Sim Cardတစ်ခု၏ တန်ဖိုးသည် ထိုင်းငွေ ၄၉ဘတ်မှ ၂၅၀ဘတ်အထိသာရှိပါသည်။ကျပ်ငွေဖြင့်တွက်ရသော် ၁၅၀၀ကျပ်မှ ၈၅၀၀ ကျပ်အထိသာ။ လက်ထဲမှာ ထိုင်းငွေ ဘတ်500(သို့)မြန်မာငွေ 12000ကျပ်ကျော် လောက်ရှိရင်ဖြင့် အကောင်းစားမဟုတ်ရင်တောင်မှာ အပေါစားဖုန်းတစ်လုံးတော့ ကိုင်ဆောင်လို့ရပေမည်။ ထို့ကြောင့် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် ပလပ်စတစ်ကောက်သမားကအစ ဖုန်းကိုင်ဆောင်နိုင်သည်မှာ ဧကန်အမှန်ဖြစ်ပေသည်။ စီးပွားရေးသမားတွေလည်း ထိုင်း Sim Card တွေရဲ့ စွမ်းေ...